Press Release – English and Burmese
YANGON, MYANMAR, October 14, 2016 – Today, representatives from government and civil society jointly held the first–of–its–kind public consultations in Yangon to solicit feedback on draft Regional Guidelines on effective Public Participation in Environmental Impact Assessment processes.
When finalized, the guidelines will help ensure that the voices of local people are heard on large-scale infrastructure development projects, such as dams, mines, power plants, and industrial zones, planned in their communities.
“Public participation in decisions related to the design and implementation of infrastructure is not only just a good idea, but it is also good business,” said Mr. Warren Harrity, Program Office Director at the U.S. Agency for International Development (USAID) Burma Mission. “What we are really talking about is a new way of doing development —one in which all stakeholders are involved in the process.”
Representatives from the private sector, communities, civil society organizations, government agencies and environmental impact assessment consulting firms joined the consultations to discuss the environmental and social impacts of regional infrastructure development.
As the region experiences a period of rapid economic growth and increasing foreign direct investment in infrastructure projects, the regional environmental impact assessment guidelines are being developed in response to a shared concern about the social and environmental impacts of those projects. Communities and experts throughout the region have been reporting negative impacts on natural resources, fish populations, agriculture, community health and culture.
While environmental impact assessment is implemented in all lower Mekong countries, it is often hampered by a lack of effective public participation. This gap can result in adverse social and environmental impacts, project delays, and conflicts with communities, all leading to costs and risks for investors and governments.
A Representative from the private sector provides feedback on the meaningful public participation in EIA (Photo: Pact)
“EIA process provides an opportunity for all key stakeholders– government, businesses, and civil society – to come together during the early stages of a proposed project and better development. In Myanmar, we have EIA law and regulations and now we are at the implementation stage. Therefore, multi-stakeholder engagement is very crucial to strengthen regional capacity for sustainable development.”, said Daw Naw Ei Ei Min, Director of Promotion of Indigenous and Nature Together (POINT).
The Regional Guidelines on Public Participation in Environmental Impact Assessment have been drafted by a multi-stakeholder Regional Technical Working Group. Formed in August 2015 with support from the U.S. Agency for International Development (USAID) funded Mekong Partnership for the Environment, the working group includes 25 civil society and government representatives from across the five lower Mekong countries, along with national advisors and technical experts including from the U.S. Environmental Protection Agency and European Union.
Today’s consultation was part of a series being held across all of the Lower Mekong countries of Cambodia, Lao PDR, Myanmar, Thailand and Vietnam throughout October. The consultations provide investors, environmental impact assessment practitioners, communities, NGOs, government departments and others the opportunity to review and provide feedback on the draft guidelines, which are also available for public feedback via an online platform (eia.mekongcitizen.org) through October 31.
After the public comment period has closed, the working group will revise the guidelines based on public input received. Once finalized, the work will turn to ensuring these guidelines are implemented by developers and used by governments to complement and improve national policies and practices.
The working group is supported by the USAID-funded Mekong Partnership for the Environment, implemented by Pact in partnership with the Asian Environmental Compliance and Enforcement Network and regional governments and civil society organizations.
For more information:
- Contact: Adam Hunt, Media and Communications Director, Mekong Partnership for the Environment: ahunt@internews.org
- For more on the Regional Technical Working Group on EIA, visit:http://mekongcitizen.org/about/mpe/rtwg-on-eia/
- Read: USAID’s MPE fact sheet:http://www.usaid.gov/asia–regional/fact–sheets/mekong–partnership–environment
- Visit: Pact’s MPE information page: http://www.pactworld.org/mpe
Lead Photo: Opening remarks by USAID Burma Mission Program Office Director, Warren Harrity at the Myanmar National Consultation on the draft Regional Guidelines on Public Participation in EIA: Reflections on the importance of Public Participation in EIA process for socially and environmentally responsible development.
See media coverage in Burmese on DVB TV (broadcast news 0.15-0.45 min)
Press Release in Burmese language
လက်တလော ထုတ်ပြန်ချက်
သတင်းထုတ်ပြန်ချက်
မြန်မာနိုင်ငံအစိုးရနှင့် အရပ်ဖက်အဖွဲအစည်းများက အခြေခံအဆောက်အဦဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှုနှင့်ပတ်သတ်၍ အမှတ်အသားကျန်ခဲ့မည့် အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ်တွင် အများပြည်သူ ပူးပေါင်းပါဝင်ခြင်းဆိုင်ရာ ဒေသအဆင့် လမ်းညွှန်ချက် (မူကြမ်း) နှင့်ပတ်သက်ပြီး ပြည်သူ့အဆင့်အကြံပြုချက်တောင်းခံခြင်း ကို ရန်ကုန်မြို့တွင် အစိုးရအဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပူးပေါင်းကာ ပထမဆုံးအကြိမ် ယနေ့ အကြံတောင်းယူမည်ဖြစ်သည်။
အကြီးစားအခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးစီမံကိန်းများဖြစ်သည့် ဆည်၊ သတ္တုတွင်းများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် စက်မှုဇုန်များ နှင့် ၄င်းတို့၏ အစီစဉ်များအတွက် ဒေသခံပြည်သူများ၏အသံကို ကြားသိနိုင်ရန် လမ်းညွှန်ချက် အပြီးသတ်ပြီးချိန်တွင် သေချာအောင် ကူညီပေးမည်ဖြစ်သည်။
“ အခြေခံအဆောက်အဦး ကို ဒီဇိုင်းဆွဲ၊ အကောင်အထည်ဖော်မှုနဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက်များချမှတ်ရာမှာ လူထုပူးပေါင်းပါဝင်ခြင်းဟာ ကောင်းမွန်တဲ့ အတွေးအခေါ်တခုဖြစ်ရုံသာမက၊ ကောင်းမွန်တဲ့ စီးပွားရေးလုပ်ခြင်းလည်းဖြစ်ပါတယ်။” ဟု USAID မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းညွှန်ကြားရေးမှူး Mr. Warren Harrity က ပြောကြားသွားပါတယ်။ “တကယ်က ကျွန်တော်တို့က ဖွံ့ဖြိုးရေးလုပ်ဆောင်တဲ့ နည်လမ်းအသစ်ကို တစ်ခုကိုပြောနေကြတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ထဲမှာ အကျိုးသက်ရောက်မှုရှိသူအားလုံး ပါဝင်ကြမှာပါ။”
ဒေသဆိုင်ရာ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု ကိုဆွေးနွေးရန်အတွက် ပုဂ္ဂလိက ကဏ္ဍ၊ ရပ်ရွာ၊ လူထုအခြေပြုလူမှုအဖွဲကအစည်းများ၊ အစိုးရအေဂျင်စီများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်အတိုင်ပင်ခံ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့သည်။
အခြေခံအဆောက်အဦးစီမံကိန်းတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ တိုးလာပြီး လျှင်မြန်သော စီးပွားရေး ဖြစ်ထွန်းလာမှုများကို ဒေသများမှ ကြုံတွေ့ရသည့်အတွက်ကြောင့် ၄င်းတို့ စီမံကိန်း၏ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုနှင့် ပတ်သက်ပြီး မဆိုင်းမတွ အဆင်သင့်တုန့်ပြန်နိုင်ရန် ဒေသတွင်း ဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကဲဖြတ် လမ်းညွှန်ချက်များ ရေးဆွဲခဲ့ပြီဖြစ်သည်။
ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို မဲခေါင်ဒေသအောက်ပိုင်းနိုင်ငံများအားလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်နေစဉ် အများပြည်သူပူးပေါင်းပါဝင်ခြင်း အားနည်းမှုကြောင့် မကြာခဏ ဟန့်တားခြင်းခံရသည်။ ယခု လိုအပ်ချက်ကြောင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှုများ၊ စီမံကိန်း နှောင့်နှေးကြန့်ကြာမှုများ၊ ဒေသခံများနှင့် ပဋိပက္ခကြုံတွေ့ရခြင်း များ၊ အစိုးရများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် နစ်နာမှုများနှင့် ဘေးမကင်းမှုများကို ဦးတည်စေခြင်းဖြင့် ကောင်းကျိုးမပြုသော ရလဒ်ကိုသာဖြစ်ပေါ်စေနိုင်သည်။
“ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဖြစ်စဉ်အနေနဲ့ အကျိုးသက်ရောက်မှုရှိသူ စပ်ဆက်သူအားလုံး- အစိုးရ၊ စီးပွားရေးလုပ်ငန်းများ နှင့် အရပ်ဖက်အဖွဲ့အစည်းများကို ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးရေးနှင့် ရည်ရွယ်ထားတဲ့စီမံချက်ရဲ့အစောပိုင်းအဆင့်တွေမှာ အားလုံးအတူတကွ ၀င်ရောက်ဆွေးနွေးကြဖို့ အခွင့်အလမ်းတစ်ခုပေးထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ EIA ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေရှိနေပြီး အကောင်ထည်ဖော်ဆောင်ရွက်မည့်အဆင့်သို့ရောက်ရှိနေပါပြီ။ ဒါကြောင့်မို အကျိုးသက်ရောက်မှုရှိသူ စပ်ဆက်သူများအားလုံးပါဝင်မှု Multi-stakeholder engagement က ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးအတွက် ဒေသဆိုင်ရာစွမ်းဆောင်ရည်များကို အားကောင်းစေရာတွင် အင်မတန်မှ အရေးပါလှပါတယ်။” ဟု Promotion of Indigenous and Nature Together (POINT)အဖွဲ့မှ ဒါရိုက်တာ ဒေါ်အိအိမင်းက ပြောကြားခဲ့ပါသည်။
ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းစဉ်တွင် အများပြည်သူ ပူးပေါင်းပါဝင်ခြင်းဆိုင်ရာ ဒေသအဆင့် လမ်းညွှန်ချက် (မူကြမ်း)ကို ဒေသအဆင့်နည်းပညာ လုပ်ငန်းအဖွဲ့ (RTWG) မှ ဆက်နွယ်ပတ်သက်သူပေါင်းစုံတို့မှ မူကြမ်းရေးဆွဲထားခဲ့ပြီဖြစ်သည်။
ပြည်တွင်းနှင့် နိုင်ငံတကာ ပညာရှင်များ၊ အမေရိကန် သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေးအေဂျင်စီနှင့် ဥရောပသမဂ္ဂမှ နည်းပညာဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ ပါဝင်သည့် မဲခေါင်ဒေသအောက်ပိုင်း ၅ နိုင်ငံများမှ အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် အစိုးရ ကိုယ်စားလှယ်စုစုပေါင်း ၂၅ဦးပါဝင်သည့် အဖွဲ့အစည်းကို မဲခေါင်ဒေသတွင်းရှိ မိတ်ဖက်နိုင်ငံများ အဖွဲ့ (Mekong Partnership for the Environment) မှ ဦးဆောင်၍ USAID ရန်ပုံငွေ အကူအညီဖြင့် သြဂုတ်လ ၂၀၁၅တွင် ဖွဲ့စည်းခဲ့သည်။
အောက်တိုဘာလ တလလုံး မဲခေါင်အောက်ပိုင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် တို့တွင် အကြံပြုချက်တောင်းခံခြင်း၏ တစိတ်တပိုင်းကို ယနေ့ ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ရင်းနှီးမြှုပ်နှံသူများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အကဲဖြတ်ရာတွင် ကျွမ်းကျင်သူများ၊ ဒေသခံများ ၊ အန်ဂျီအိုများ၊ အစိုးရ ဌာနများ နှင့် အခြားသူများသည် အကြံပြုချက်တောင်းခံပွဲတွင် လမ်းညွှန်ချက်မူကြမ်းများကို သုံးသပ်ခြင်းနှင့် အကြံပေးခြင်းများ ပြုလုပ်နိုင်မည်။ အများပြည်သူ အကြံပြုချက်များကို (eia.mekongcitizen.org) မှတဆင့် အောက်တိုဘာ ၃၁နေ့ထိပေးပို့နိုင်သည်။
အများပြည်သူ ဝေဖန်ချက်များ ပေးသည့်ကာလ ပြီးဆုံးသွားသည့်နောက်ပိုင်း ပြည်သူများထံမှ ရရှိထားသည့် အချက်အလက်များကို အခြေခံပြီး အလုပ်အမှုဆောင်အဖွဲ့မှ လမ်းညွှန်ချက်များကို ပြန်လည်စိစစ်တည်းဖြတ်သွားမည်ဖြစ်သည်။ ယင်းလုပ်ငန်းများ ပြီးဆုံးသွားပါက လုပ်ငန်း အကောင်အထည်ဖော်သူများက အဆိုပါ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် နိုင်မည်ဖြစ်ပြီး အစိုးရမှ အမျိုးသားရေးမူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုတိုးတက် ကောင်းမွန်စေရန် အတွက်အသုံးချနိုင်မည်ဖြစ်သည်။
အလုပ်အမှုဆောင်အဖွဲ့ကို USAID မှ ငွေကြေးထောက်ပံ့ပေးထားသည့် MPE မှပံ့ပိုးပေးခြင်းဖြစ်ပြီး အာရှဒေသတွင်းဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လိုက်နာဆောင်ရွက်မှုနှင့် အားဖြည့် ဆောင်ရွက်မှု ကွန်ယက်အဖွဲ့ AECEN၊ ဒေသဆိုင်ရာ အစိုးရများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပါဝင်သည့် Pact မှ ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ပိုမိုသိရှိလိုပါက
- ဆက်သွယ်ရန် – အက်ဒမ် ဟန့် ၊ မီဒီယာနှင့် ဆက်ဆံရေး ညွှန်ကြားရေးမှူး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မဲခေါင်မိတ်ဘက်(MPE) – ahunt@internews.org
- ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်နှင့်ပတ်သတ်၍ ဒေသဆိုင်ရာနည်းပညာအလုပ်မှုဆောင်အဖွဲ့ အကြောင်းပိုမိုသိရှိလိုပါက http://mekongcitizen.org/about/mpe/rtwg–on–eia/ တွင် ၀င်ရောက်လေ့လာပါ။
- USAID ၏ MPE သတင်းအချက်အလက်ကို http://www.usaid.gov/asia–regional/fact–sheets/mekong–partnership–environment တွင်ဖတ်ရှုပါ။
- ပက် ၏ သတင်းစာမျက်နှာ http://www.pactworld.org/mpe တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
ဓါတ်ပုံခေါင်းစဉ်များ
USAID မြန်မာနိုင်ငံဆိုင်ရာရုံးညွှန်ကြားရေးမှူး Mr. Warren Harrity က ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) တွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်ရေး ဒေသဆိုင်ရာလမ်းညွှန်ချက်များနှင့် ပတ်သတ်သည့် အကြံပြုရယူဆွေးနွေးပွဲတွင် အဖွင့်အမှာစကားပြောကြားခြင်း – လူမှုရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ခံမှုရှိသော ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၏ အရေးပါမှုအပေါ် ထင်ဟပ်ပြသခြင်း။