အာဏာသိမ်းပြီးနောက် ဆယ်ဆ၊ ဆယ်ဆ – ရွှေမုဆိုးတို့၏ အာခံတွင်းမှ ကြိုးဝိုင်းသစ်တော

စစ်အာဏာသိမ်းပြီးနောက် ရွှေမုဆိုးများ၏ လက်ချက်ဖြင့် ထားဝယ်မြစ်ဖျားရှိ သစ်တောကြိုးဝိုင်းအတွင်း ရွှေတူးဧရိယာ ၁၀ ဆခန့် ကျယ်လာသည်။ ယခုမြေပုံအရ ဘောလုံးကွင်းပေါင်း ၁၃၁၆ ကွင်းနှင့် ညီမျှသော ရွှေတူးလုပ်ကွက်များတွင် ထင်သလို တူးဖော်ခွင့်ရနေသည်။